Oct 19, 2009

လောကသစ္စာ


အသိခေါက်ခက်အ၀င်နက်ဆိုသလို..လောကမှာလူတွေဟာ သိပေမဲ့ မစောင့်စည်းနိုင်လို့ မှားတဲ့အမှားတွေအများကြီးရှိနေပါတယ်...။ အဲအမှားတွေထဲက ရွံရှာမုန်းတီးဖွယ်အကောင်းဆုံးအမှားကတော့ သူတပါးမိသားစုရဲ့ အေးချမ်းသာယာမှုကိုဖျတ်စီးခြင်းပါပဲ...။ လူတွေဟာ မကောင်းဘူးဆိုတာသိပေမဲ့ အမှားအများဆုံးကျူးလွန်မှုကြီးတခုလိုလည်းတွေ့ နေရပါတယ်...။လူရယ်လို့ ဖြစ်လာရင် လူ့ ကျင့်ဝတ်ဆိုတာကို စောင့်စည်းရမယ်လေ...။ အဲဒါတွေကို မစောင့်စည်းရင်...အဲဒီသူဟာ လူမဆန်တဲ့ လူပဲဖြစ်မှာပါ..။ ''...ငယ်'' ဆိုတဲ့ဘ၀ဟာ ဆိုးရွားလွန်းသလို နာမည်လည်းမလှပါဘူး...။ ဘယ်လောက်ပစ္စည်း၊ ဥစ္စာတွေကြွယ်ဝချမ်းသာနေပါစေ နာမည်မလှသလို ပါတ်ဝန်းကျင်ကလည်း အထင်မကြီးပါဘူး ။ ဒါတင်မက ကိုယ့်မိဘ ဆွေမျိုးသားခြင်းမောင်နှမ တွေကိုပါ သိက္ခာ
ကျအရှက်ရစေမှာပါ...။ သူတပါးခင်ပွန်းသည် (သို့ ) ဇနီးမယား ကိုယူခြင်းဟာ လောကသစ္စာ
တရားအတွက် အကြီးမားဆုံးနဲ့ ရွံရှာဖွယ်အကောင်းဆုံးအပြစ်တခုပါပဲ...။ အဲလိုလုပ်ခြင်းဟာ အပြစ်မရှိတဲ့ ကလေးတွေရဲ့ ဘ၀ကိုလည်း အညွန့် တုံးအောင်လုပ်လိုက်ခြင်းနဲ့ လည်းတူတယ်....။ မိန်းမကောင်း..ယောက်င်္ကျားကောင်းတွေဟာတော့ အဲလိုအလုပ်မျိုးကို လုပ်မှာမဟုတ်ဘူးလေ...။ လူချမ်းသာတယောက်လုပ်ပြီး နာမည်ပျက်နဲ့ နေမလား...ဆင်းရဲပေမဲ့ အေးချမ်းတဲ့ဘ၀တခုကိုရွေးခြယ်မလား.

ပုံပြင်လေးကိုကြည့်ပြီးသုံးသပ်ကြရအောင်

တခါတုန်းက မိသားစုလေးတစ်စုရှိတယ်...သူတို့ ရဲ့ အိမ်ထောင်သက်တန်းက ၂၅ နှစ်ကျော်ခဲ့ပါပြီ...။ ငွေရေးကြေးရေးအခက်အခဲတွေ ရှိလာတော့ မိသားစုက ကမောက်ကမဖြစ်တယ်...။ မိသားစုထဲမှာ အဆင်မပြေတော့ ယောင်္ကျားဖြစ်သူက အပြင်မှာပျော်စရာရှာလာတယ်...။ အချိန်တွေကြာလာတာနဲ့ အမျှ သူ့ ဆက်စံရေးတွေက မိသားစုနဲ့ ဝေးသထက်ဝေးလာတယ်...။ နောက်ဆုံးကျ အပျော်ကြူးတော့ ဘာကိုမှမသိတော့ဘူး..သားသမီးဆိုတာလည်းမသိဘူး၊ မယားဆိုတာလည်းမသိဘူး...သူဟာ ဘယ်သူ့ မျက်နှာမှမကြည့်တော့ ပဲ...သူနဲ့ ၅လလောက် သာရင်းနှီးခဲ့ဖူးတဲ့ တခြားအမျိုးသမီးဘက်ပါသွားခဲ့တယ်...။ အဲယောင်္ကျားကတော့ သာယာမှုတခုတည်းအတွက်နဲ့  မိသားစုအဆင်မပြေမှုတွေကြားက ကိုယ်လွတ်ရုန်းထွက်ခဲ့တယ်။ အဲအချိန်မှာ သူ့ ခင်ပွန်းသည်က သိပ်ကိုပျော်နေမှာပါ...ထိုအမျိုးသမီးကလည်း အရမ်းပျော်နေတယ်...မိသားစုကြီးတစုလုံးကိုတောင် ပြစ်ထားပြီး သူ့ ဘက်ပါလာတယ် သူ့ ကိုသိပ်ချစ်တယ်ဆိုတဲ့အတွေးနဲ့ ပေါ့...။ ဒါပေမဲ့ တဖက်က ကျန်ခဲ့တဲ့မိသားစုကတော့ သောကမီးတွေတောက်လောင်နေတယ်...၃ နှစ်သုံးမိုးချစ်သူဖြစ်ပြီးမှာ ဘ၀လက်တွဲခဲ့တဲ့ အိမ်ထောင်ရေးတခုဟာ ၂၅ နှစ်ကြာမှ ဘာမဟုတ်တဲ့ မိန်းမတယောက်အတွက် အရှက်တကွဲတွေဖြစ်ပြီးဝေးခဲ့ရတယ်...။ သားသမီးတွေဟာလည်း လူပုံအလည်မှာမျက်နှာမပြရဲအောင် အရှက်ရခဲ့ရတယ်...။ ဒါပေမဲ့ သိပ်မကြာခဲ့ပါဘူး ၁ နှစ်ကျော်ကျော်ကြာတော့ အဲယောင်္ကျားနဲ့ မိန်းမလည်း အဆင်မပြေဘူး...ယောင်္ကျားကလည်း ဒီအမိန်းမက ငါအိမ်ထောင်ရှိတာတောင် သူမြူစွယ်ခဲ့တာ...ငါ့ကွယ်ရာမှာရော???? ဆိုတဲ့သံသယတွေဝင်လာသလို ...မိန်းမကလည်း ဒီယောင်္ကျားက သူ့ ဘာကိုမှမစဉ်းစာမဆင်ခြင်ပဲ သူ့ မိန်းမနဲ့ သားသမီးတွေကို တောင်ပြစ်ထားခဲ့တာ...တချိန်ကျရင် ငါ့အပေါ်ရော?? ဆိုတဲ့သံသယတွေက မပြောပေမဲ့ ၀င်နေတော့ သူတို့ အိမ်ထောင်ရေးက မသာယာတော့ပြန်ဘူးပေါ့...။ အားလုံးပြီးသွားတော့ ဘယ်သူ့ ဘယ်သူမှာမှ အကျိုးဖြစ်ထွန်းစရာမကျန်ခဲ့ဘူး...။

တဆက်တည်းမှာ သူတို့ ရနိုင်တဲအဆိုးကျိုးတွေကတော့ ...........

တွေဝေခြင်း
ရန်သူနဲ့ တွေ့ ခြင်း
လူအများမုန်းတီးခြင်း
စား ၀တ်နေရေးခက်ခဲခြင်း
အမျက်ဒေါသကြီးခြင်း
သူတပါးယုံကြည်မှုကင်းမဲ့ခြင်း
စည်းစိမ်ဥစ္စာပျက်စီးခြင်း
ဆင်းရဲကြီးစွာတွေ့ ခြင်း
ချစ်သူနဲ့ ကွေကွင်းရခြင်း
ယုံမှားသံသယ များခြင်း
ဘေးအန္တရယ်များခြင်း
အသက်တိုခြင်း
လောကုတ္တရာတရား မရရှိနိုင်ခြင်း.....အပါယ်လေးဘုံမှာဖြစ်ရတာပါပဲ...။ (ခိုးယူသူဟာ ယောင်္ကျားလေးဖြစ်ခဲ့မယ်ဆို နောက်ဘ၀မှာလည်း ယောင်္ကျားဖြစ်သော်လည်း ယောင်္ကျားစင်စစ်ဘ၀ကို မရရှိနိုင်ပါဘူး..)

ဘေးပါတ်ဝန်းကျင်ကတောင်ကြားယုံနဲ့ စိတ်ညစ်ရပါတယ်...လူပီသတဲလူတွေဟာ ဒီလိုလုပ်ရက်မျိုးတွေကိုလည်း မတက်သာလို့ သာငြိမ်နေရတယ် နှစ်မျိုမှာမဟုတ်ပါဘူး...။တကယ်တော့ လူတွေဟာ ခဏတာ ကျရောက်တဲ့အခက်အခဲတွေပေါ်မှာ ခံနိုင်မရှိခဲ့...မဆင်ခြင်နိုင်ခဲ့လို့ အခုလိုအမှားတွေဖြစ်ရတာပါ...။ တဒင်္ဂ သာယာမှုတွေကိုမက်မောပြီး....အခက်အခဲတွေနောက် က ခိုင်ခိုင်မာမာရှိနေတဲ့ မိသားစုသံယောဇဉ်ကို မမြင်နိုင်ကြတော့ဘူး...။သူတစ်ပါးမိသားစုဘ၀ ထိခိုက်နစ်နာပြီးမှရလာတဲ တဒင်္ဂအပျော်ကိုဘာလို့များမက်မောနေကြမှာလည်း...သူတဖက်သားစိတ်ဆင်းရဲပြီးမှ ရတဲ့အပျော်ဟာ ဘယ်တော့မှကြာရှည်မတည်မြဲနိုင်ပါဘူး..။ မိန်းခလေးပဲဖြစ်ဖြစ်ယောင်္ကျားလေးပဲဖြစ်ဖြစ် ငါသာသူ့ နေရာမှာဆိုတဲ့ ကိုယ်ချင်းစာစိတ်ခလေးထားတက်ရင်တောင် ဒီလိုအပြစ်စိုးတွေ ဖြစ်လာမှာမဟုတ်ပါဘူး..
လက်ခုတ်ဆိုတာ နှစ်ဖက်တီးမှ မြည်တာမဟုတ်လား..
ယောင်္ကျားလေးတွေချည်းပဲမလုပ်သလိုမိန်းခလေးတွေကပိုပြီးအဓိကကျပါတယ်ယောင်္ကျားလေးတွေဟာလည်းကိုယ်ကျင့်တရားစောင့်ထိမ်းပြီးမိန်းခလေးတွေဟာမိမိကိုကိုယ်တန်ဖိုးထားပြီးဆင်ခြင်နိုင်မယ်ဆိုရင်တော့ဒီလိုအဖြစ်ဆိုးတွေမဖြစ်နိုင်ပါဘူး။"မိန်းမကောင်းတယောက်ဖြစ်ဖို့ဆိုတာယောက်င်္ကျားကောင်းတယောက်ဖြစ်ဖို့ထက်တောင်ပိုပြီးခဲယဉ်းပါတယ်"....။ ဆင်ခြင်နုံတရားနဲ့ ကိုယ်ချင်းစာစိတ် ထားတက်တဲ့ လူသားဆန်တဲ့ လူတွေဖြစ်နိုင်ကြပါစေ...။
.........................
ညလေးလည်းဘလော့မရောက်တာတော်တော်လေးကိုကြာသွားပြီ...အခုတလောကြားရတာတွေကလည်း စိတ်ညစ်စရာတွေချည်းပဲ...အဲဒါတွေကို ကြည့်ပြီးတော်တော်လေးလည်း သံဝေဂရပါတယ်...အသက်တစ်ရာသာမနေရတာ ကြားရ/ကြုံရတာတွေက ၁၀၀ မကဘူးလေ...အဲအထဲမှာ စိတ်ညစ်စရာ အကောင်းဆုံး စိတ်ပျက်စရာအကောင်းဆုံးကတော့ နိုင်ငံခြားရောက် မိသားစုတွေ ဘယ်လိုတွေ ကွဲရတယ်...ကွာရတယ်တွေပေါ့...။ လောကကြီးက သိပ်ဆန်းကျယ်သလိုကြောက်ဖို့ လည်းကောင်းပါတယ်...သာယာတဲ့ မိသားစုဘ၀လေးတွေမပျက်စီးပါစေနဲ့ လို့ ဆုတောင်းနေမိပါတယ် ..။အဲဒါတွေကို ဆင်ခြင်ပြီး ဒီပို့ စ်လေးကို တင်ဖို့ စိတ်ကူးရသွားတာပါ... ဒီပို့ လေးမှာပါတဲ့ ပုံပြင်ကတော့ ဖြစ်ရပ်မှန်မဟုတ်ပေမဲ့ အဖြစ်တက်ဆုံအမှားတွေကို သုံးသပ်ပြီးရေးထားပါ... ညလေးပို့ စ်ကို ပျော်သဘောနဲ့ ဖတ်ပြီး ရင်ထဲမှာ တခုခုအမှတ်တရလေး ပါသွားတယ်ဆိုရင်ပဲ ဒီစာရေးရကျိုးနပ်ပါပြီ...။ ချစ်တဲ့မိသားစုတွေနဲ့ ကွေကွင်းရတဲ့ သောကမီးအပူတွေကနေကင်းဝေးနိုင်ပါစေနော်...

Sep 28, 2009

အဆိပ်ပင်

ဘာမှမပြောပဲ ထွက်သွားလိုက်ပါ
ခဲထားတဲ့ ငါ့ နှုတ်ခမ်းတွေ
ရဲရဲနီတဲ့ သွေးစက်တွေကျတဲ့တိုင်အောင်
မင်းနာမည်ကို ထပ်မခေါ်တော့ဘူး
တိတ်ဆိတ်တဲ့ နံရံတွေကြာမှာ
ငါ့ ဒဏ်ရာတွေကို မြေမြုပ်ပြစ်မယ်
ချစ်တက် ခြင်းဆိုတာ တကယ်တော့
ကျရှုံးမှုတွေကို ရေလောင်းထားတဲ့
အဆိပ်ပင်တပင်ပါပဲ.....။

Sep 24, 2009

အမည်မသိ ကဗျာ

ငါလိုချင်တာ သတိရခြင်းတခုထက်မပိုခဲ့ပါဘူး
ဒါပေမဲ့ ဥပခါပြုကောင်းကင်ကြီးက
စာနာစိတ်တခုနဲ့ ငါတမ်းတမှုကို
ယောင်လို့ တောင့်လှည့်မကြည့်ခဲ့ဘူး...။

ငါအမျှော်လင့်ရဆုံး အနာဂါတ်လမ်းမှာ
နင်ဝေဒနာတွေဖြန့် ကြဲတော့
တမက်တမောနဲ့ လိုက်ကောက်......
အမြတ်တနိုး သိမ်းထားတက်တာက
ခပ်ညံ့ညံ့ အိမ်မက်တွေကိုတန်ဖိုးထားတဲ့
အသုံးမကျတဲ့ငါ....။

ငါလိုချင်တဲ့အရာတွေအတွက်
ငါ့ဘက်ကပြန်ပေးဆပ်ခဲ့တာတောင်
သစွာတရားနဲ့ ချစ်တက်ခြင်းရဲ့ ရလဒ်က...
အမည်မသိ ခံစားချက်တွေနဲ့ 
မွန်းကျပ်စွာ ဖောက်ထုတ်ခဲ့တဲ့
ငါ့ကဗျာတွေ ရှိုက်သံထပ်စေခဲ့တယ်...။

Sep 8, 2009

ကျွန်မကို အမြင်ကတ်ကြသော အကြောင်းရင်းများ


ကဲဝက်ရယ်ဘီလိုလုပ်ရပါ့မလဲဟ...နာ့ကိုမြင်ကတ်လိုက်တာလို့ ယောက်မပြောဖူးတေးဘူးဟယ်...ဟီးးး.။ ဒီလောက်ချစ်ချာကောင်းတာကို ခွိခွိ...။ ရေးဆိုတော့လည်း မရှိမဲ့ရှိမဲ့ မြင်ကတ်စရားလေးတွေရေးတော့မှာပေါ့ကွယ်...။ အခုလောလောဆယ် စာလာဖတ်တဲ့သူတွေထဲမှာ ညလေးကို မြင်ကတ်တဲ့သူရှိရင်လည်းအော်သွားကြဦးနော်...။ အဲဒါမှသိရမှာလေ ဟီးး...။ ကဲကြားတယ်ဟုတ်...ချိပါဘူးတဲ့..။ အမြင်ကတ်တဲ့အကြောင်းလေးပြောတော့ တစ်ခုသွားသတိရတယ်...။ အမြင်ကတ်ခံရတယ်ဆိုတာလည်းနည်းတဲ့ ကုသိုလ်တော့မဟုတ်ဖူးနော်...မနာလိုစရာကောင်းလောက်တဲ့ အရည်အချင်း တစ်ခုခုရှိထားမှမမြင်ကတ်ခံရမှာလေဟုတ်ဖူးလား..။ အဲဒါဖြေဆေးလို့ ခေါ်တယ် ဟီးးး...။
ခက်တော့ခက်ကုန်ပါပြီ...။ဘာရေးရမှန်းတိတော့ဘူးဂျကယ်ပါဦး....။



ညလေးအထင်ဖြစ်နိုင်ခြေရှိတာလေးတွေတော့ပြောပြမယ်နော်...ညလေးခုနေနေတဲ့မြို့ မှာ ညလေးက ငယ်ပြီးသွက်တယ်.. (မြှောက်ပြောတာ ပို့ စ်နဲ့ လိုက်အောင် မယုံနဲ့ သိလား)...ပြီးတော့ရှိသေးတယ်..ညလေးက.စကားအောင်တယ်လေ...။ ညလေးထက်အသက်ကြီးတဲ့သူတွေတောင် ညလေးက ကအကြံပေးရင်လက်ခံရတယ်လေ...။ ညလေး အသက် ၁၈နှစ် ကျော်ကျော် ကတည်းက ကံကောင်းထောက်မစွာ မန်နေဂျာအလုပ်ကိုရခဲ့ပါတယ်..။ အိမ်မှာဆိုလည်း အမေနဲ့ အဖေက ညလေးကိုအရေးပေးတယ်...ညလေးကလည်း အဖေနဲ့ အမေကို တက်နိုင်တဲ့ဘက် က အလုပ်ကြွေးပြှုတာကိုး...ဒီတော့မေမေတို့ ကအားလည်းကိုးအရေးလည်းပေးပေါ့။ အလုပ်ခွင်မှာဆိုလည်း ညလေးကအငယ်ဆုံးဆိုပေမဲ့ နေရာရတယ်လေ...။ ။ဒီကလူတော်တော်များများက ညလေးကို ဆရာမ ဆရာမနဲ့ ခေါ်ကြတယ်..။ တချို့ ကဆရာမလေး...။ တချို့ တွေကတော့ နာမည်ပဲခေါ်တာပေါ့နော်။ တခြား သူတွေရဲ့ မိဘတွေကဆိုလည်း တခုခုဆို ညလေးကဘယ်လို...ဆိုပြီးပြောတက်တော့...တချို့ သက်တူရွယ်တူကောင်မလေးတွေက မြင်ကတ်ကြတယ်ပေါ့...။



အဲနောက်တခုက ညလေးလည်း နဲနဲမာနတော့ ရှိတယ်ဂျ...ညလေးကိုယ်တိုင်က သူများကို နှိမ်ပြီးမဆက်ဆံတက်သလို...ဘယ်သူ့ ကိုမှလည်း အထင်မသေးဘူး...ကိုယ့်ကိုအဲလိုဆက်ဆံပြီဆိုရင်လည်း မကြိုက်ဖူး...။ညလေးကိုယ်တိုင်ကလည်းဘ၀ကို အောက်ခြေကနေလာတာခဲ့တာလေ...။ သိမ်ငယ်မှုတွေ အများကြီနဲ့ နေလာတာများတော့ မခံချင်စိတ်နဲ့ မာနဆိုတာကိုထားတက်လာတယ် ဆင်းရဲတဲ့သူတွေနဲ့  ပေါင်းဖို့ ဝန်မလေးပေမဲ့ ချမ်းသာတဲ့သူတွေကို မျက်နှာချိုသွေးရတဲ့အလုပ်ဆို သိပ်မုန်း...ကဲကြည့် တော်တော်လေးအမြင်ကတ်စရားကောင်းတယ်နော်...။စိတ်ဆိုးခဲတယ်...စိတ်နာသွားပြီဆိုရင်တော့ မရဘူး လုံးဝကိုလှည့်မကြည့်တက်တာအကျင့် ။အဲဒါလေးတွေကလည်း တချို့ တွေအတွက် မြင်ကတ်ချင်စရာလေးတွေဖြစ်ချင်ဖြစ်နေမှာပေါ့နော့်...ညလေးအတွက်ကတော့မူလေ...။ တိတော့ပါဘူး...။ မှန်တယ်ထင်ရင် သိပ်ဂရုမစိုက်တက်တဲ့အကျင့်စိုးလေးလည်းရှိတယ်...မှန်တိုင်းလည်း မကောင်းဘူးတဲ့နော်...ဟုတ်မှာပါ...။



အဟင့် ပြောရင်းနဲ့ ကိုယ့်ကိုကိုယ် မြင်တောင်ကတ်လာပြီ...စာဖတ်တဲ့သူတွေလည်း ညလေးကိုတော်တော်လေးမြင်ကတ်နေလောက်ပြီ နော်။ မြင်ကတ်ကြပါနဲ့ ဂျာ။ ဒါကလည်းအနည်းနဲ့ အများပဲကွာတာလေ အမြင်ကတ်စရာ မရှိဖူး ဆိုတာတော့ မရှိလောက်ပါဘူး...ညလေးတို့ မသိသေးလို့ ဖြစ်မှာပါ...။ အမြင်ကတ်တဲ့သူက အမြင်ကတ်တယ်လို့ တော့ဘယ်ပြောမှာလည်းနော့်...။ စိတ်ထဲမှာပဲထားမှာပေါ့ ညလေးတို့ ကိုယ်တိုင်တောင် တခါတလေ မကျေနပ်ချက်လေးတွေဖြစ်တက်သေးတာပဲလေ လောကီလူသားရယ်လို့ ဖြစ်လာမှတော့ ဒါတွေကိုဘယ်ရှောင်နိုင်ပါ့မလဲ...။ ညလေးကို အမြင်ကတ်တဲ့သူတွေရှိမယ်ဆိုရင်လည်း နားလည်ပါတယ်...မြင်ကတ်စေလောက်တဲ့ အကြောင်းအရာတခုခုရှိနေလို့ ဖြစ်မှာပေါ့နော်။ တိဝူးလေဂျာ ကြောမှမကြောပဲ ဟွန်း ။ပြီးပြည့်စုံတဲ့ သူရယ်တော့ဘယ်ရှိမလဲနော်...။ ကိုယ့်ကိုကိုယ် ပြည့်စုံတယ်လို့ မထင်ပါဘူး..လိုအပ်ချက်တွေကိုတော့ ပြန်ဆင်နိုင်အောင် ကြိုးစားနေတုန်းပဲ။ လူတွေရဲ အားနည်းချက်တွေကိုလည်း အတက်နိုင်ဆုံး နားလည်နိုင်အောင်ကြိုးစားနေတုန်းပါပဲ



ကဲ ၀က်လေးရေကြေနပ်တော့ဟာ...နာလည်း ရေးတက်တော့ဘူး စိတ်ထဲရှိရှိသမျှရေးချလိုက်ပြီ ဒန်တန်တန်..။